Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပြု
e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင် Myanmar-3 Font အစား PyiDaungSu Font ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။ e-Government Master Plan တွင်ပါဝင်နေသည့် အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ပါ ကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် Read More …