ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံးစံနှုန်းများကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။

ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာသုံးစံနှုန်းများကို သုံးစွဲခြင်းဖြင့် ဘာသာစကားများကို ထိန်းသိမ်းကာကွယ်ပါ။
MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar Read More …
NOTE :: This page is written in English intentionally. Please DO NOT translate. Government directives concerning using Myanmar Unicode Standard fonts within Myanmar as well as requirement for imported electronic devices. Mobile Phone import directive – June 8 2018 – Myanmar Version Mobile Phone import directive – June 8 2018 – English Translation Using Unicode Read More …
NOTE :: This page is written in English intentionally. Please DO NOT translate. Preface ::: Major technological providers ( Facebook, Viber, etc ) provide autoconversion services to Myanmar ( and South East Asia region lately as of October 2020 ) from Zawgyi to Unicode encoding. BUT those good intentioned efforts are making people’s lives even Read More …
မြန်မာယူနီကုဒ်ဧရိယာ၏ ၂၀၁၄မှစ၍ မြန်မာစာ ယူနီကုဒ်အပြောင်းအလဲအတွက် အစဉ်တစ်စိုက် ကြိုးပမ်းမှုအတွက် အသိအမှတ်ပြုသည့်အနေဖြင့် ပုံမှန်အားဖြင့် ငွေကြေးပမာဏတစ်ခု ပါဝင်လှူဒါန်းမှသာ ပေးအပ်သော emoji တစ်ခုမွေးစားခွင့် Silver Sponsor အဖြစ် Unicode Consortium မှ ဂုဏ်ပြုပေးခဲ့ပါသည်။ မြန်မာယူနီကုဒ် ဧရိယာအဖွဲ့မှ သံလိုက်အိမ်မြှောင် emoji [🧭] အား အဖွဲ့ ကိုယ်စားပြု emoji အဖြစ် ရွေးချယ်ခဲ့ပါသည်။ ယခု link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Chrome မှာသုံးဖို့ ထုတ်ပေးထားတဲ့ MUA Web Unicode Converter ကို MAC သမားတွေအတွက် မှာ Safari မှာပါသုံးလို့ရအောင် Mac App Store မှာ ကိုသန့်သက် က တင်ပေးလိုက်ပါပြီ။ ဒီ Addons ကို Myanmar Font Tagger ကုဒ်တွေကို သုံးထားပြီး ကိုThant Thet ရဲ့ ပြင်ဆင်ပေးမှုတွေနဲ့ တဖြည်းဖြည်း ကောင်းမွန်လာခဲ့တာပါ။ အခုလည်း Safari မှာ အသုံးပြုလို့ရအောင် တင်ပေးတဲ့အတွက် ကိုသန့်သက်ကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ အသုံးလိုသူများ ဒီလင့်ကနေ ရယူလို့ရပါပြီခင်ဗျ။ MUA Extension for Mac OSX Safari ( အသေးစိတ်သိလိုပါက ဒီမှာကြည့် Read More …
မြန်မာ ယူနီကုဒ်နဲ့ စာရိုက်တာကို လေ့ကျင့်ဘို့ အတွက် AMK Studio မှ ပြည်သူများ အခမဲ့ ပျော်ရွှင်စွာ ကစားနိုင်ရန်အတွက် ရည်ရွယ် ပြီး တီထွင်လိုက်တဲ့ ယူနီကုဒ်ဟီးရိုး ဂိမ်းလေးကို ဒီလင့်ကိုနှိပ်ပြီး https://studio-amk.github.io/UnicodeHero/ သွားရောက်ဆော့ကစား နိုင်ပါတယ်။ အချိန်ဘယ်လောက်တွင်း ကိုယ်ဘယ်နှစ်မှတ်ရလည်း စမ်းသပ်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းသလို သင့်ရဲ့ စာရိုက်စွမ်းရည်နဲ့ စာလုံးပေါင်းသတ်ပုံကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ကစားပြီးရင် ကိုယ့်ရဲ့ ရမှတ်လေးတွေကို ဖေ့ဘုတ်မှာ တင်ပြီးကြွားကြဖို့ မမေ့နဲ့နော်။ ဂိမ်းမကစားပဲ PC နဲ့ စာရိုက် လေ့ကျင့်ချင်တာဆိုရင်တော့ MIT က လုပ်ပေးထားတဲ့ UniTutor လေးနဲ့လည်း လေ့ကျင့်လို့ရပါတယ်။
Adobe In-Design ရဲ့ (CC 2020 November 2019 release v-15.0) မှာ South-East Asian Scripts တွေကို ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ South-East Asian Scripts ထဲမှာ Burmese language ပါဝင်တဲ့အတွက် Adobe In-Design မှာ မြန်မာယူနီကုဒ်ကို အဆင်ပြေပြေ အသုံးပြုနိင်ပြီဖြစ်ပါတယ်။ အရင်ကလိုမျိုး Adobe In-Design မှာ မြန်မာဖောင့်တိုင်းသုံးမရတဲ့အတွက် Adobe အတွက် သီးသန့်ရေးထားတဲ့ ဖောင့်တွေပဲ သုံးရလို့ စာလုံးပုံစံ စိတ်တိုင်းမကျတာမျိုးတွေ မရှိတော့တဲ့အတွက် ပုံနိပ်ထုတ်ဝေရေးကိစ္စတွေမှာ မြန်မာစာ အသုံးပြုရတာပိုမို အဆင်ပြေလာမယ်ပြီလို့ ပြောလို့ရပါတယ်။ မြန်မာယူနီကုဒ် ကို အသုံးပြုဖို့အတွက် Adobe In-Design 2020 (Version 15) နဲ့ Read More …
Google မှ ၎င်း၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် မြန်မာယူနီကုဒ်နှင့်သက်ဆိုင်သော ပြောင်းလဲမှုများကို အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ Google သည် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး မြန်မာဘာသာ ယူနီ ကုဒ်စနစ်အတွက် ကူညီပံ့ပိုးမှုများလည်း အများဆုံး ဆောင်ရွက်ပေးနေသည်။ မြန်မာနိုင်ငံတွင် စာရိုက်ခြင်းအတွက် ယခင်က အများစု အသုံးပြုခဲ့သော ဇော်ဂျီ font အစား ကမ္ဘာတစ်ဝန်းလုံး လက်ခံထားသော ကွန်ပျူတာသုံး မြန်မာစာစနစ်ဖြစ်သည့် ယူနီကုဒ် font သို့ ပြောင်းလဲအသုံးပြုခြင်း ကို နိုင်ငံတော်အစိုးရက ဦးဆောင်၍ အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ Google အနေဖြင့်လည်း ၎င်း၏ထုတ်ကုန် အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများကို ယူနီကုဒ်ပြောင်းသုံးသူများ အဆင်ပြေစေရန်နှင့် Google မှ သတင်းအချက်အလက်များကို မြန်မာနိုင်ငံရှိ Read More …
တောတောင်စိမ်းလန်း စိတ်စွဲလမ်း မခွဲစတမ်း နေပါမည်။ အသားမည်းမည်း အသည်းထဲ တစ်ဦးတည်းကို ချစ်ပါမည်။ “မ” ပါလျှင် “ဘဲ” မပါ “ပဲ” ကွဲကွဲပြားပြား ရေးပါမည်။ မကြာမီမှာ လာတော့မှာ မှီခိုရတာ ကောင်းပါသည်။ ကူညီရိုင်းပင်း အချင်းချင်း ချစ်ခင်ခြင်းဖြင့် နေပါမည်။ သတင်းကြေညာ ကြော်ငြာလာ စောင့်နားထောင်ကာ နေရမည်။ မေတ္တာကရုဏာ ကကြီးပါ သေသေချာချာ ရေးရမည်။ အပေါ်ကိုတက် တတ်မြောက်လျှင် “တက်” နှင့် “တတ်”တို့ ကွဲရမည်။ အကျိုးရလဒ် “ဒ”ဒွေးသတ် ဆုလာဘ်ကိုတော့ “ဘ”သတ်မည်။ ခြယ်မှုန်းခြယ်လှယ် ဆောင်းတွင်းဝယ် ချယ်ရီတွေလည်း ပေါပါသည်။ အမှိုက်ပစ်ရာ ပစ်လွတ်ကာ အပြစ်ပေးတာ ခံရမည်။ ကျေးငှက်တွန်ကျူး ယပင့်ကျူး လွန်ကြူးမှုကို ရှောင်ရမည်။ ရေးတော့အမှန် ဖတ်အသံ Read More …