မြန်မာယူနီကုဒ် လမ်းညွှန် အကြောင်း

မြန်မာယူနီကုဒ် လမ်းညွှန် မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာစာယူနီကုဒ် လမ်းညွှန်

မြန်မာစာယူနီကုဒ် တိုးတက်စေရန် နှင့် အသုံးပြုသူများအတွက် အဆင်ပြေစေရန် မြန်မာစာယူနီကုဒ်စနစ်သုံး ဖောင့်များအား ကျွန်ုပ်တို့ ဖုန်းတွေ၊ ကွန်ပျူတာတို့တွင် ထည့်သွင်း အသုံးပြုပုံများ၊ အခြားယူနီကုဒ်ဆိုင်ရာ နည်းပညာ အသုံးချမှုများ၊ စနစ်​​ဟောင်းမှ အချက်အလက်များအား ယူနီကုဒ်စနစ်သို့ ​ပြောင်းလဲပုံတို့ကို တနေရာတည်းတွင် စုစည်းထားပြီး အသုံးပြုသူများ လွယ်ကူစေရန် ရည်ရွယ်ပါသည်။

ဖွဲ့စည်းပုံ

ဤလမ်းညွှန် ဖွဲ့စည်းတည်ထောင်ထားသည်မှာ မြန်မာယူနီကုဒ်ဒေသ Myanmar Unicode Area မှ အဖွဲ့ဝင်များနှင့် မြန်မာစာယူနီကုဒ် သုံးစွဲသူ ဝါသနာရှင် ပညာရှင်၊ ​စေတနာရှင်တို့နှင့် ဖွဲ့စည်းထားပါသည်။ မိမိတို့ သိထားသော ဖုန်းများ၊ ကွန်ပျူတာများ၊ အသုံးပြုပုံများကို ပြန်လည် မျှဝေကြခြင်း၊ အများစုပေါင်း ပြင်ဆင်ခြင်းတို့ဖြင့် ကူညီထားကြသော အများပိုင် အချက်အလက်များ ဖြစ်ပါသည်။ ထို့ကြောင့် mmunicode.org ရှိအချက်အလက်များအား လွတ်လပ်စွာပြင်ဆင်ခွင့်၊ ကူးယူဖော်ပြခွင့်၊ လွတ်လပ်စွာဖြန့်ဝေခွင့် နှင့် အသုံးပြုခွင့် မည်သူမဆိုလုပ်ဆောင်နိုင်သည်။ ထိုအချက်အလက်များအား အများပြည်သူအဆင်ပြေစေရန် အမြဲတမ်း အခမဲ့ ဖြန့်ဝေထိန်းသိမ်းပေးထားမည် ဖြစ်ပါသည်။

ကျေးဇူးတင်လွှာ

ဤလမ်းညွှန် ဝဘ်ဆိုဒ် ဖြစ်ပေါ်လာအောင် ဖန်တီးပေးကြသော မြန်မာယူနီကုဒ်ဒေသ MUA အဖွဲ့ဝင်များနှင့် နည်းပညာရှင်၊ ပညာရှင်များ၊ ကူညီဖန်တီး ပေးကြသော ​စေတနာရှင် ဆောင်းပါးရှင်များအား ကျေးဇူးအထူးတင်ပါသည်။