မြန်မာယူနီကုဒ် လမ်းညွှန် - ကိုယ်ပိုင်ရေးရာ မူဝါဒ

မြန်မာယူနီကုဒ် လမ်းညွှန် မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

MUA Guides

mmunicode.org ၏ ကွပ်ကဲမှု ​အောက်တွင်ရှိ​သော မြန်မာယူနီကုဒ် လမ်းညွှန် သို့မဟုတ် MUA Guides သို့မဟုတ် guides.mmunicode.org ကို ဆိုလိုသည်။ ​နောင်တွင် မြန်မာယူနီကုဒ် လမ်းညွှန်ဟု ​ရည်ညွှန်းမည်။

​ဆောင်းပါးနှင့် မူပိုင်ခွင့်

မြန်မာယူနီကုဒ် လမ်းညွှန်တွင် ရှိ​သော ​အသုံးပြုပုံ လမ်းညွှန်​များကို ​ဆောင်းပါးဟု ဆိုလိုသည်။

ဆောင်းပါးရှင်များ၊ ပြင်ဆင်သူများသည် မြန်မာယူနီကုဒ်နှင့် သက်ဆိုင်​သော ဖန်တီးမှု၊ ​ဆောင်းပါး၊ အသုံးပြုပုံနည်းလမ်းတို့အား ကူညီ​ရေးသား နိုင်ပါသည်။

မြန်မာယူနီကုဒ် လမ်းညွှန်၏ အဓိက ရည်ရွယ်ချက်အတိုင်း အသုံးပြုသူများ အဆင်​ပြေ​စေရန် လိုအပ်​သော အချက်အလက်များ ပြည့်စုံ ​​​ရေရှည်တည်တံ့​စေရန်အတွက် ​ထိုဆောင်းပါးများတွင် ပါရှိ​သော အချက်အလက်များသည် အများပိုင် အချက်အလက်များ အဖြစ်သတ်မှတ်သည်။

ဆောင်းပါးရှင်၊ ပြင်ဆင်သူတို့၏ ဖန်တီးမှုများသည် အများပိုင် အဖြစ် သတ်မှတ်မည်။

mmunicode.org အပါအဝင် မည်သူတစ်ဦးတစ်​ယောက်၏ လက်ထဲတွင် ပိုင်ဆိုင်ခြင်း မရှိ​စေရ။

တားမြစ်ချက်

အခကြေးငွေနှင့် ရောင်းချသော အသုံးချပစ္စည်းများ(font, app, tools, etc) တရားမဝင် ပြန်လည်ဖြန့်ဝေခြင်း၊ ဆောင်းပါးတွင် တရားမဝင် ပါဝင်နေခြင်းများ ခွင့်မပြုပါ။

မိမိပုဂ္ဂိုလ်​ရေးခံစားချက်များအား ​ရေးသားခြင်း ခွင့်မပြုပါ။

မြန်မာယူနီကုဒ်နှင့် လုံးဝ ပတ်သက်မှု မရှိသည်များအား ​ရေးသားခွင့်မပြုပါ။

​ဆောင်ပါးရှင်၊ ပြင်ဆင်သူ ​စေတနာရှင်များ၏ ဖန်တီးမှုများအား စီးပွား​ရေးအလို့ငှာ မှီးငြမ်းခြင်း(Reference)မျိုးမှ လွဲ၍ တိုက်ရိုက်ကူးယူ ​ရောင်းချခြင်းများအား ခွင့်မပြု။

မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများ

တစ်ဦးတစ်​ယောက်၏ မူပိုင်ခွင့်နှင့် ပတ်သက်​သော၊ ငြိစွမ်း​သော၊ အများပိုင်အဖြစ် သတ်မှတ်၍မရ​သော အချက်အလက်များ ​ဆောင်းပါးများ အသုံးပြုပုံနည်းလမ်းများအား ​ရေးသားခွင့်မပြပါ။

အကယ်၍​ရေးသားထားသည်များ​တွေ့ရှိပါ၍ မူပိုင်ခွင့်ပိုင်ဆိုင်သူမှ တိုင်တန်းခဲ့လျှင် ​ဆောင်းပါးရှင် သို့မဟုတ် ပြင်ဆင်သူ၏ တာဝန်သာ ဖြစ်ပါသည်။

ပြင်ပမူပိုင်ခွင့်ပိုင်ရှင်များနှင့် အငြင်းပွားဖွယ်ရှိခဲ့ပါက ​ဆောင်းပါးရှင် သို့မဟုတ် ပြင်ဆင်သူအား အ​ကြောင်းကြား​ပေးပြီး ညှိနှိုင်းခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း တို့ကို ပြုလုပ်​ပေးပါမည်။

ပြင်ဆင်သူ သို့မဟုတ် ​ဆောင်းပါးရှင်တို့၏ ​ဆောင်းပါး၊ အသုံးပုံနည်းလမ်းများသည် အခြားတစ်​နေရာမှ ကူးယူလာခြင်း မှီငြမ်းထားခြင်းများ ရှိပါက အသုံးပြုခွင့် ရှိပါက မှီးငြမ်းရာ ​​နေရာအား Reference အဖြစ် ထည့်သွင်း​ပေးရမည်။ မူလ ဖန်တီးသူအား ​လေးစား​သောအားဖြင့် Reference Section တွင် မှတ်ချက်​ရေး​ပေးရမည်။ Reference ​ရေးသားနည်းအား ဒီ​နေရာတွင် ကြည့်နိုင်ပါသည်။

အခြား အရာများ

အချိန်နှင့်အမျှ ပြင်ဆင် ထပ်တိုးထား​သော လိုက်နာ​စောင့်ထိမ်းရမည့် အချက်များအားလည်း ​စောင့်ထိမ်းရပါမည်။ ဤစာမျက်နှာတွင် မပါရှိ​သော အချက်များသည် CC BY 4.0 တွင် အကျုံးဝင်ပါသည်။